မင်္ဂလာပါ မိတ်ဆွေ ကျွန်တော့်ရဲ့ ဘလော့လေးကို လာရောက်အားပေးတဲ့အတွက် အထူးဘဲ ကျေးဇူးတင်ရှိပါကြောင်း လိုအပ်သောနည်းပညာများအား လိုအပ်သလိုတောင်းဆိုနိုင်ပါတယ်.. ကြိုးစားရှာဖွေလို့ ပြန်လည် မျှဝေ ပေးနေပါမည်။ ဇေယျာ....

Monday, April 1, 2013

Android ဖုန်းများ လုံခြုံရေးအားနည်းသောကြောင့် ထုတ်ဖော်အသိပေး


ဂျာမနီနိုင်ငံ၊ ဘာလင်နည်းပညာတက္ကသိုလ်မှ သုတေသနတို့ ရှာဖွေတွေ့ ရှိချက်အရ Android ဖုန်းတွင် လုံခြုံရေး အားနည်းကြောင်း သိရသည်။ ယင်းလုံခြုံရေး အားနည်းမှုသည် စမတ်ဖုန်းအတွင်းရှိ အချက်အလက်များကို အဖျက်ဆီးခံရနိုင်ကြောင်း သိရသည်။

လေ့လာသူတို့က Samsung Android ဖုန်းဖြင့် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ Samsung Android ဖုန်း ၏ Rest cod ကို embedded လုပ် တွဲထ

ားသည် URL တစ်ခုအား ဝင်ရောက်မိပါက မိမိဖုန်းတွင် ပါဝင် သည့် အချက်အလက်အားလုံး အလွယ်တကူ ခိုးယူနိုင်ပြီး အဖျက်ဆီး ခံရနိုင်သည်။ မိုဘိုင်းဖုန်းများတွင် Service provider များနှင့် အရေးပေါ် ဆက်သွယ်ရန်၊ system menu ဝင်ကြည့်ရန်အတွက် ကိုယ်ပိုင် USSD ကုဒ်များ ရှိကြသည်။

ယခုအခါ ယင်း ကုဒ်များကို ကြားညပ် (embedded) ထားသည့် ဝဘ်ဆိုဒ် များပြုလုပ်နိုင်သည့်အတွက် ထို URL ကိုဖြန့်ချိပြီး ဟက်ကာတို့
အလွယ်တ ကူ အသုံးချနိုင်သည်။ ထို့ကြောင့် ဖုန်းတစ်လုံးကို SMS/ NFC transmission ပို့ခြင်းနည်းလမ်းဖြင့်လည်း ဟက်ကာတို့ အသုံးပြုနိုင်သည။ အကယ်၍ reset code ပါဝင်သော ဝဘ်ဆိုဒ်များကို မိမိ Android ဖုန်းဖြင့် ဝင်ရောက်မိပါက မိမိပိုင် အချက်အလက်များ အခိုးခံရပြီး ဗိုင်းရက်စ်ပါဝင်ပါက ပျက်ဆီး သွားနိုင်ကြောင်း သိရသည်။

ထို့ကြောင့် Android ဖုန်းသုံးသူများအနေဖြင့် Data Back up လုပ်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့ပြင် မိမိဖုန်းအား လျှို့ ဝှက်ကုဒ်နံ ပါတ်ဖြင့် ကာကွယ်စနစ် (Password Protection) လုပ်ထား သင့်ကြောင်း တိုက်တွန်းထားသည်။ Android ဖုန်းဟု ဆိုထားသော်လည်း Samsung Android ဖုန်းများအား အလေးပေး ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ထုတ်လုပ်သောဖုန်း နှင့် Tablet များမှ ၅ ရာခိုင်နှုန်းသာ လုံခြုံရေး ဆော့ဖ်ဝဲ Install အဆင်သင့် လုပ်ထားပြီး ယင်းမှာ လည်း အားနည်းချက်တစ်ခု ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

Reference and Credit to -Ref:tech2.com
Aung Kham (TSJ team)

0 comments:

Post a Comment