မင်္ဂလာပါ မိတ်ဆွေ ကျွန်တော့်ရဲ့ ဘလော့လေးကို လာရောက်အားပေးတဲ့အတွက် အထူးဘဲ ကျေးဇူးတင်ရှိပါကြောင်း လိုအပ်သောနည်းပညာများအား လိုအပ်သလိုတောင်းဆိုနိုင်ပါတယ်.. ကြိုးစားရှာဖွေလို့ ပြန်လည် မျှဝေ ပေးနေပါမည်။ ဇေယျာ....

Monday, April 1, 2013

Android နှင့် iOS စမတ်ဖုန်းများ အတွက် Photoshop Touch အား Adobe ထုတ်လုပ်


                                  Adobe မှ ထုတ်လုပ်ခဲ့သော Android နှင့် iOS စမတ်ဖုန်းများ အတွက် Photoshop Touch သည် ဓါတ်ပုံများကို တည်းဖြတ်ခြင်းအား
လွယ်ကူစွာ ပြုလုပ်နိုင်မည် ဖြစ်သည်။


၎င်းသည် ယခင် tablets များအတွက် ထုတ်လုပ်ခဲ့သော ဗားရှင်းနှင့် တစ်ထပ်တည်း တူပြီး ၊ အသုံးပြုလိုသူများသည် Google Play စတိုးနှင့် Apple App Store တို့တွင် (၄.၉၉) ဒေါ်လာဖြင့် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ layers၊ adjustments နှင့် filters တို့ အပါအ၀င် အသုံးပြုသူများ မျှော်လင့်ထားသည့် Photoshop ၏ အကောင်းဆုံး လုပ်ဆောင်ချက်များ ပါဝင်သည်။ ဓါတ်ပုံများ တည်းဖြတ်ခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်ရန် selection tools များနှင့် လက်တစ်ချောင်းတည်း အသုံးပြုယုံဖြင့် တိကျစွာ ရွေးချယ်မှု ပြုလုပ်နိုင်မည့် Scribble Selection နှင့် Camera Fill တို့ကဲ့သို့ စမတ်ဖုန်းဗားရှင်း အတွက်သာ ရရှိနိုင်သော tools များ ပါဝင်သည်။

mrtv4

0 comments:

Post a Comment