မင်္ဂလာပါ မိတ်ဆွေ ကျွန်တော့်ရဲ့ ဘလော့လေးကို လာရောက်အားပေးတဲ့အတွက် အထူးဘဲ ကျေးဇူးတင်ရှိပါကြောင်း လိုအပ်သောနည်းပညာများအား လိုအပ်သလိုတောင်းဆိုနိုင်ပါတယ်.. ကြိုးစားရှာဖွေလို့ ပြန်လည် မျှဝေ ပေးနေပါမည်။ ဇေယျာ....

Sunday, March 31, 2013

စမတ်ဖုန်းနှင့် tablet များအတွက် မျက်မှန် တပ်စရာမလိုသော 3D နည်းပညာ ဖန်တီးမည့် HP

Hewlett-Packard (HP) ကုမ္ပဏီသည် မိုဘိုင်း ပစ္စည်းများအတွက် မျက်မှန်တပ်စရာ မလိုသော 3D နည်းပညာ (glasses-free 3D technology) ကို
ကြိုးစားပမ်းစား ဖန်တီးလျက် ရှိသည်။

အဆိုပါ နည်းပညာသည် အချက်အလက် ပုံရိပ်ဖေါ်ခြင်း ၊ ဆေးပညာ လေ့ကျင့် သင်ကြားခြင်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများအား အသွင်ပြောင်းလဲ ပေးနိုင်မည် ဖြစ်ကြောင်း HP သုတေသန ပညာရှင်များက ပြောကြားခဲ့ကြောင်း Nature သိပ္ပံဂျာနယ်တွင် ဖော်ပြ ပါရှိသည်။ မိုဘိုင်း ပစ္စည်းများအတွက် 3D ဖန်တီးခြင်းသည် ရုပ်ရှင်များတွင် ဖန်တီးရသည်နှင့် မတူကြောင်း ၊ အဆိုပါ နည်းပညာသည် hologram တစ်ခုနှင့် ဆင်တူသော်လည်း အခြား ကွဲပြားခြားနားသည့် နည်းစနစ်များ အသုံးပြုကာ တည်ဆောက် ဖန်တီးထားမည် ဖြစ်ကြောင်း Nature သိပ္ပံဂျာနယ်တွင် ဖော်ပြထားသည်။

MRTV4

0 comments:

Post a Comment