မင်္ဂလာပါ မိတ်ဆွေ ကျွန်တော့်ရဲ့ ဘလော့လေးကို လာရောက်အားပေးတဲ့အတွက် အထူးဘဲ ကျေးဇူးတင်ရှိပါကြောင်း လိုအပ်သောနည်းပညာများအား လိုအပ်သလိုတောင်းဆိုနိုင်ပါတယ်.. ကြိုးစားရှာဖွေလို့ ပြန်လည် မျှဝေ ပေးနေပါမည်။ ဇေယျာ....

Sunday, March 31, 2013

ပထမဆုံးသော မြန်မာစာစနစ်ပါဝင်မည့် Android OS ကို HTC ဟန်းဆက်များတွင် ထည့်သွင်း၍ ပြည်တွင်းသို့ဖြန့်ချိမည


ပထမဆုံးသော မြန်မာစာစနစ်ပါဝင်သည့် Android OS ကို HTC ဟန်းဆက်အချို့တွင် ထည့်သွင်း၍ မြန်မာနိုင်ငံ မိုဘိုင်းဖုန်းဈေးကွက် ရောင်းချပေးနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ Android OS စနစ်တွင်ပါဝင်မည့် Myanmar Font များမှာ စံမြန်မာနှင့် ဇော်ဂျီတို့ဖြစ်ကြသည်။

မြန်မာနိုင်ငံ မိုဘိုင်းဖုန်းဈေးကွက်တွင် သုံးစွဲသူများ အဆင်ပြေစေရန်အတွက် HTC မှနည်းပညာရှင်များမှ Android OS စနစ်တစ်ခုလုံးတွင် မြန်မာစာစနစ်ကို အသုံးပြုနိုင်ရန် Language ထဲတွင် ထည့်သွင်းပေးထားပြီး၊ မြန်မာစာစနစ်ဖြင့် အသုံးမပြုလိုသူများအတွက်လည်း English Version ဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ စံမြန်မာဖောင့်နှင့် ဇော်ဂျီဖောင့်ကို ပူးတွဲ၍ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ မက်ဆေ့ခ်ျပေးပို့သည့်အခါများတွင် တစ်ဖက်မှ စံမြန်မာဖောင့်ရှိပါက စံမြန်မာနှင့် ပေးပို့နိုင်သလို၊ စံမြန်မာဖောင့်မရှိပါက ဇော်ဂျီအသုံးပြု၍ ပေးပို့နိုင်မည်ဖြစ်သည်။ မြန်မာစာစနစ်ပါဝင်သော Android OS ကိုအသုံးပြုထားသည့် HTC ဟန်းဆက်များကို ၂၀၁၃ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရန်အတွက် စီစဉ်ထားကြောင်း HTC မှတာဝန်ရှိသူများထံမှ သိရသည်။ ယခုအခါတွင် အဆိုပါဟန်းဆက်များကို ပြည်တွင်းရှိ Mobile Network များနှင့် အဆင်ပြေစေရန် စမ်းသပ်မှုများကို ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ရေးသားသူ -သီဟ
အင်တာနက်ဂျာနယ်

0 comments:

Post a Comment