Google ကုမ္ပဏီဟာ ၎င်းတို့ရဲ့ နာမည်ကျော် VOIP (Voice Over Internet Protocol)
ဝန်ဆောင်မှုကို အမေရိကန်နဲ့ ကနေဒါနိုင်ငံများ၌ ၂၀၁၃ ခုနှစ်မှာလည်း အခမဲ့
သုံးစွဲစေဦးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Google ရဲ့
မေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail မှတစ်ဆင့် ဝင်ရောက် အသုံးပြုရတဲ့ အခမဲ့
ခေါ်ဆိုမှုစနစ်ကို ၂၀၁၃ ခုနှစ်မှာလည်း အခကြေးငွေ ယူသွားမှာ မဟုတ်ကြောင်း
ကုမ္ပဏီရဲ့ Blog Post မှာ တရားဝင် ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ ကနေဒါမှာ
နေထိုင်သူတွေဟာ ဒီစနစ်ကို အခမဲ့ သုံးစွဲ ခေါ်ယူနိုင်မှာဖြစ်ပြီး အခြားသော
နိုင်ငံများမှာ သုံးစွဲသူတွေကတော့ မယုံကြည်နိုင်လောက်အောင် သက်သာတဲ့
အခကြေးငွေဖြင့် အချင်းချင်း ခေါ်ဆိုင်နိုင်မှာ ဖြစ်ကြောင်း google မှ
အာမခံခဲ့တယ်။ ၎င်းရဲ့ အင်တာနက် ချိတ်ဆက်မှုနှင့် မိုက်ကရိုဖုန်းသာ လိုအပ်တဲ့
Google Voice ဟာ အရှိန်အဟုန်မြင့် တိုးတက်လာတဲ့ VOIP ဝန်ဆောင်မှုတွေရဲ့
အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး Microsoft ရဲ့ Skype လိုပဲ အရေးပါတဲ့ ကဏ္ဍကို
ရရှိလာပါတယ်။ ၂၀၁၂ ခုနှစ်မှာ VOIP နည်းပညာ စတင် ပေါ်ပေါက်လာပြီး
သုံးစွဲသူများထံမှ အမြတ်ငွေ ၅.၄ မီလီယံဒေါ်လာ ရရှိခဲ့ကာ တစ်နှစ်အတွင်း
သုံးစွဲသူ ၁၂၁၀၀၀ ကျော် ရှိခဲ့ပါတယ်။ နောက်ထပ် ဆယ်စုနှစ် တစ်ခုအကြာ ၂၀၁၂
ခုနှစ်မှာတော့ အမေရိကန် လူဦးရေ သန်း ၃၀ ဟာ VOIP ဝန်ဆောင်မှုများသို့
လစဉ်ကြေး ပေးသွင်းထားပြီး တစ်နှစ် အမြတ်ငွေ ဒေါ်လာ ၁၅.၄ ဘီလီယံအထိ
ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ခေါ်ဆိုရ လွယ်ကူပြီး အကျိုးများတဲ့ VOIP
စနစ်ဟာ သုံးစွဲသူများ တရှိန်ထိုး တိုးတက်လာကာ နည်းပညာ ကုမ္ပဏီကြီးများရဲ့
ပစ်မှ ဖြစ်လာပါတယ်။ နိုင်ဝင်ဘာလက Microsoft ဟာ ၎င်းတို့ရဲ့ အင်တာနက်
ချက်တင်ဝန်ဆောင်မှု၊ Windows Live Messenger ကို Skype ဝန်ဆောင်မှု ထပ်မံ
ဖြည့်သွင်းပေးခဲ့ပြီး ၎င်းရဲ့ Chat ဝန်ဆောင်မှု သုံးစွဲသူတွေဟာ မိတ်ဆွေများထံ
အခမဲ့ ဗီဒီယို Call ခေါ်ဆိုမှုများ ပြုလုပ်လာနိုင်ပါတယ်။ ဒါ့အပြင်
သုံးစွဲသူများ အနေနဲ့ PC ကွန်ပျူတာများမှာသာ အသုံးချနိုင်တာ မဟုတ်ဘဲ Apple
iPad, Google Android စမတ်ဖုန်းများ အစရှိတဲ့ မိုဘိုင်း ပစ္စည်းများမှာလည်း
သုံးစွဲလာနိုင်ပါတယ်။
Friday, March 15, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment