အထက်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ ဆန္ဒတွေအားလုံးဟာ broadband လို့ခေါ်တဲ့ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ်နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေပါတယ်။ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဆန်းစစ်ချက်တစ်ခုမှာ အမေရိကန်နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော အင်တာနက်သုံးတဲ့ လူကြီးတွေဟာ broadband စနစ်ကို အိမ်မှာ သုံးနေကြတယ်လို့ ဆိုတယ်။
အင်တာနက်ကို လူတွေ ဘာကြောင့်သုံးကြသလဲဆိုတော့ သတင်းအချက်အလက်တွေ ရယူချင်လို့၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချင်လို့၊ ဖျော်ဖြေရေးအတွက် သုံးချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေဟာ အများဆုံး ဖြစ်နေပါတယ်။
၂၀၀၈ ခုနှစ် အစီရင်ခံစာတစ်ခုမှာ (Pew Internet & American Life Project) အမေရိကန် ၅၈ ရာခိုင်နှုန်းလောက်ဟာ ဆဲလ်ဖုန်း သို့မဟုတ် ပီဒီအေလို့ခေါ်တဲ့ လက်ကိုင်ကွန်ပျူတာလေးတွေကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကတော့ အီးမေးလ်တွေ ပို့ဖို့နဲ့ ဗီဒီယိုဖိုင်တွေကို ကူးယူဖို့ အသုံးပြုကြတာ များတယ်။ အဲဒီအချိန်မှာပဲ ၄၁ ရာခိုင်နှုန်းသော အမေရိကန်တွေဟာ Wi-Fi ရတဲ့ လက်ပ်တော့ကွန်ပျူတာတွေနဲ့ အခြား မိုဘိုင်းပစ္စည်းတွေကို သုံးပြီး သွားရင်းလာရင်း အင်တာနက်ကို သုံးနေကြပါတယ်။
လက်ရှိအနေအထားမှာ မိုဘိုင်းပစ္စည်းတွေကနေ အင်တာနက်သုံးနိုင်ဖို့
- WAP (Wireless Application Protocol) ရတဲ့ ဆဲလ်ဖုန်းတွေနဲ့ သုံးနိုင်တယ်။ WAP ဆိုတာ နိုင်ငံတကာစံဖြစ်ပြီးတော့ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အတွက် အများဆုံး အသုံးပြုတဲ့ စံလည်း ဖြစ်တယ်။
- Black Berry ဖုန်းနဲ့ iPhone သို့မဟုတ် အခြား စမတ်ဖုန်းတွေကို ဝယ်ပြီး WAP နဲ့ website တွေကို ဝင်နိုင်တယ်။ Speed နှေးတယ်။ ရိုးရိုးပဲရပြီး ဗီဒီယို၊ အသံ၊ ဂရပ်ဖစ်တွေ မရဘူး။ အီးမေးလ်နဲ့ အင်တာနက်ရိုးရိုးကို အမြန်ရတယ်။
ခုဆိုရင် အမေရိကန်နိုင်ငံတွင်းမှာ ရှိတဲ့ ဆဲလ်ဖုန်းဝန်ဆောင်မှု ကုမ္ပဏီတွေက DSL အရည်အသွေးနဲ့ speed ကို မိုဘိုင်းပစ္စည်းတွေနဲ့ signal တွေ ဖမ်းမိနိုင်ဖို့ တိုးမြှင့် ဆောင်ရွက်ပေးနေပါတယ်။ လက်ပ်တော့ကွန်ပြူတာတွေပါ ရမယ်လို့ဆိုတယ်။
မိုဘိုင်း ဘရော့ဒ်ဘန်းနည်းပညာ
မိုဘိုင်း ဘရော့ဒ်ဘန်းဆိုတာ ဆဲလ်ဖုန်းတွေမှာ အလုပ်လုပ်တဲ့ နည်းပညာနဲ့ အတူတူဖြစ်ပါတယ်။ သူတို့အားလုံး ရေဒီယိုလှိုင်းနဲ့ ဖရီကွင်စီတွေနဲ့ အလုပ်လုပ်ကြပါတယ်။ ဆဲလ်ဖုန်းတွေနဲ့ ဆဲလ်ဖုန်းရေဒီယို တာဝါတိုင်ကြီးတွေက ဒစ်ဂျစ်တယ် အချက်အလက်တွေကို packet လိုက် ရေဒီယိုလှိုင်းတွေက တစ်ဆင့် အပြန်အလှန် သယ်ယူပို့ဆောင်ပေးနေပါတယ်။ ဖုန်းခေါ်ရင်လည်း အဲဒီ အချက်အလက် packet တွေကို ဒေတာတွေနဲ့အတူ တစ်ပြိုင်တည်း သယ်ဆောင်သွားတတ်တယ်။ မိုဘိုင်း ဘရော့ဒ်ဘန်းကတော့ အဲဒီ packet တွေကို အသံဒေတာတွေနဲ့အတူ တစ်ပြိုင်တည်း သယ်ဆောင်သွားတတ်တယ်။ မိုဘိုင်းဘရော့ဒ်ဘန်းကတော့ အဲဒီ packet တွေကို အခြား ဒေတာအမျိုးအစားတွေ ဖြစ်တဲ့ အီးမေးလ်၊ web page တွေနဲ့၊ သီချင်းဖိုင်၊ ဗီဒီယိုဖိုင်တွေအဖြစ် သယ်ဆောင်ပေးပါတယ်။
ဆဲလ်ဖုန်း network တွေကို လုပ်ဆောင်နိုင်စေတဲ့ နည်းပညာနှစ်ခု ရှိပါတယ်။ အဲဒါတွေကတော့ GSM (Global System for Mobile Communications) နဲ့ CDMA (Code Division Multiple Access) တွေပဲ ဖြစ်ပါတယ်။
GSM က ဥရောပနဲ့ အာရှတွေမှာ ခေတ်စားပြီးတော့၊ CDMA ကတော့ အမေရိကန်တွေ အသုံးများတယ်။ အဲဒီ နည်းပညာနှစ်ခု ကွာခြားချက်ကတော့ ရေဒီယိုအသံလှိုင်းစဉ် ပို့လွှတ်တဲ့ space ချင်း ကွာခြားပါတယ်။ GSM နဲ့ CDMA မှာ algorithms ချင်း ကွာပါတယ်။ ဆဲလ်ဖုန်းတွေကို လူတွေအများကြီး ပြုံသုံးနေကြပေမယ့် တူညီတဲ့ ရေဒီယိုဖရီကွင်စီနဲ့ပဲ မျှဝေထားတဲ့အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး အနှောင့်အယှက် မဖြစ်စေနိုင်ပါဘူး။
မိုဘိုင်းဘရော့ဒ်ဘန်းကို 3G လို့လည်း ခေါ်ကြသေးတယ်။ တတိယမျိုးဆက် ဆဲလ်ဖုန်းနည်းပညာ (third-generation cell-phone technology) ကို အတိုကောက် 3G လို့ပဲ သုံးကြတယ်။ GSM ရော CDMA နှစ်ခုစလုံး သူတို့ပိုင် 3G နည်းပညာတွေ ရှိကြတယ်။ မိုဘိုင်းပစ္စည်းတွေက တစ်ဆင့် အင်တာနက် ရရှိနိုင်ဖို့ 3G နဲ့ လုပ်ဆောင်ပေးနိုင်တယ်။
CDMA ကို အခြေခံတဲ့ မိုဘိုင်းဘရော့ဒ်ဘန်း နည်းပညာကို EV-DO (Evolution-Data Optimized or Evolution-Data Only) လို့လည်း ခေါ်သေးတယ်။ EV-DO ရဲ့ ထူးခြားချက်က ဆယ်လူလာ network ရဲ့ အစိတ်အပိုင်း တစ်ခုတည်းနဲ့ ဒေတာတွေ အားလုံးကို သယ်ပို့နိုင်ခြင်း ဖြစ်ပါတယ်။ အသံနဲ့ ပြောရတဲ့ (voice call) တွေမှာ bandwidth တွေ အများကြီးလိုပါတယ်။ များမှ အသံအရည်အသွေး ကောင်းတတ်ပါတယ်။ အသံလှိုင်း (voive channel) တွေကနေ ဒေတာလှိုင်း (data channel) တွေကို ခွဲထုတ်ခြင်းဖြင့် ဒေတာတွေကို ကူးပြောင်းလွှဲပို့ရာမှာ ပိုပြီး မြန်ဆန်စေပါတယ်။ အထူးသဖြင့် အီးမေးလ်၊ အင်တာနက်နဲ့ မာလ်တီမီဒီယာတွေမှာ ပိုပြီး အမြန်နှုန်း ရလာတယ်။ အဆင်မပြေတာ တစ်ခုက ဆဲလ်ဖုန်းပြောနေရင် အင်တာနက်သုံးလို့ မရဘူး။ EV-DO ရဲ့ ပျမ်းမျှ speed က 3000-4000 Kbps (kilobytes per second) ရှိတယ်။ DSL နဲ့ အတူတူလောက်ပဲ ရှိတယ်။
ED-VO network ကို သုံးချင်ရင် ED-VO ကို ရအောင်လုပ်ထားတဲ့ ဟာ့ဒ်ဝဲနဲ့သုံးမှ အဆင်ပြေတယ်။ ဥပမာ BlackBerry ဖုန်းနဲ့ အခြား စမတ်ဖုန်းတွေကို ဆိုလိုပါတယ်။ လက်ပ်တော့နဲ့ သုံးမယ်ဆိုရင်လည်း အထူးပြုလုပ်ထားတဲ့ network ကတ်ကို ထည့်သုံးမှ ရတယ်။ အဲဒီ network ကတ်ကို USB port သို့မဟုတ် PC ကတ် slot တွေမှာ တပ်ဆင်ပြီး antenna တိုင်တွေ ထုတ်မှ မိုဘိုင်းဘရော့ဒ်ဘန်းရဲ့ signal တွေကို ဖမ်းနိုင်တယ်။ အမြန်ဆုံး download နဲ့ upload တွေကို ရယူချင်ရင် အဲဒီ ED-VO ဆယ်လူလာ signal ခွင်အတွင်း ရောက်နေဖို့တော့ လိုတယ်။ 1xRTT (Radio Transfer Technology) standard ကို သုံးထားတဲ့ လှိုင်းခွင်အတွင်းမိမှ အမြန်နှုန်းကို 60Kbps မှ 100Kbps အတွင်းကို ရနိုင်လိမ့်မယ်။
GSM သုံးနိုင်တဲ့ ED-VO ကို HSDPA (High-Speed Downlink Packet Access) လို့လည်း ခေါ်သေးတယ်။ ED-VO နဲ့ HSDPA မတူတဲ့အချက်က HSDPA network မှာ အသံရော ဒေတာကိုပါ တစ်ပြိုင်တည်း ကူးပြောင်းသယ်ဆောင်နိုင်တဲ့ အချက်ပဲ။ ဒါကြောင့် စကားလည်းပြော၊ အင်တာနက်လည်း တစ်ပြိုင်တည်း သုံးနိုင်တယ်။ အထူးသဖြင့် ဒေတာတွေကို upload လုပ်ရတာထက် download လုပ်ရတဲ့ အမြန်နှုန်းက ပိုကောင်းတတ်တယ်။ HSDPA ရဲ့ ပျမ်းမျှ download speed က 400Kbpd မှ 700Kbps လောက်အထိ ရတတ်တယ်။
ED-VO လိုပဲ HSDPA ကိုသုံးရင် အထူး စီမံပြုလုပ်ထားတဲ့ ဟာ့ဒ်ဝဲလိုတယ်။ လက်ပ်တော့နဲ့ တွဲသုံးရင်လည်း HSDPA ကို ထည့်ပြီးမှ သုံးနိုင်တယ်။ များသောအားဖြင့် မြို့တွင်းနဲ့ အဓိကကျတဲ့ အဝေးပြေး လမ်းမကြီးပေါ်မှာ အသုံးပြုနိုင်တယ်။
0 comments:
Post a Comment