Windows Key+ R ဆိုပြီး ခေါ်လို့ရတဲ့ Run Box မှာ ကိုယ်ဖွင့်ချင်တဲ့
application တွေကို ဖွင့်လို့မရပါဘူး ..Windows ကနေ Default
သတ်မှတ်ပေးထားတဲ့ နာမည်နဲ့ သတ်မှတ်ပေးထားတဲ့ program တွေကိုပဲ
ဖွင့်လို့ရပါတယ်…ဒါဆို Run box ကနေ ကိုယ် အသုံးများတဲ့ program တွေကို
အလွယ်တကူခေါ်ချင်တယ်ဆို ဘယ်လိုလုပ်ရမလဲ …ဒါကလွယ်ပါတယ် .. အရင်ဆုံး Control
Panel ထဲကိုသွား ( အဲဒါကိုတော့ RunBox မှာ control
လို့ရိုက်ပြီးသွားလို့ရပါတယ်) ပြီးရင် system ထဲကိုဝင်.. အဲဒီမှာ System
ဆိုပြီး search box မှာရိုက်လိုက်မယ်ဆိုရင် Edit the system environment
variables ဆိုတာ ပေါ်လာမယ် .. အဲဒီကို Click လိုက်ရင် System properties
ဆိုပြီး box တစ်ခုပေါ်လာပါမယ်။ အဲဒီကမှ Advanced Tab ထဲမှာ Environment
Variables ဆိုတာလေးကို တွေ့လိမ့်မယ်. .ထပ်ဝင်လိုက်ပါ .. ဒီနေရာမှာ User
Variables နဲ့ System Variables ဆိုပြီး နှစ်မျိုးရှိပါလိမ့်မယ် .. User
Variables မှာပဲ ” Path “ ဆိုတဲ့ နာမည်နဲ့ Variable ကို select လုပ်ပြီး
Edit ကို နှိပ်ပါ .. Variable Value ဆိုတဲ့ Text box လေးထဲမှာ စာသားတွေ
ရှိနေပါလိမ့်မယ် … အခုလုပ်ရမှာက အဲဒီ ရှိနှင့်ပြီးသား စာလုံးတွေရဲ့ 
နောက်ဆုံးကို သွားပါ .. ပြီးရင် ,:C:\run\ ဆိုပြီး ကိုယ်နှစ်သက်ရာ path
လမ်းကြောင်းကိုပေးနိုင်ပါတယ် …ပြီးရင်တော့ OK တွေနဲ့ ပဲ အားလုံးကို
အဆုံးသတ်ပေးလိုက်ပါ .. နောက်ထပ် တစ်ခု လုပ်ရမှာကတော့ခုနက ဥပမာ ပြထားတဲ့
အတိုင်း Drive C: အောက်မှာ ‘ run ‘ ဆိုတဲ့ Folder လေးကို ဆောက်လိုက်ပါ
…ပြီးရင် အဲဒီ Folder ထဲမှာ ကိုယ် အသုံးများတဲ့ program တွေရဲ့ Exe file
shortcut တွေကို ကူးထည့်ပါ..ပြီးရင် file name တွေကို ကိုယ်
ကြိုက်သလိုပေးလို့ရပါတယ်. .ကိုယ်ပေးလိုက်တဲ့ နာမည်ကို Run Box ကနေ
ရိုက်ထည့်ပေးလိုက်တာနဲ့ အဲဒီ program ကို run ပေးသွားမှာပါ ..
Tuesday, July 30, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment