Tuesday, May 7, 2013
PC ပေါ်မှာ Viber ကို activate လုပ်နည်းလေးပါ
PC ပေါ်မှာ Viber activate လုပ်ဖို့ အတွက် ကျွန်တော်တို့ ဖုန်းထဲမှာလည်း
viber သွင်းပြီးသား activate ဖြစ်ပြီးသားဖြစ်ရပါမယ်။ ဖြစ်ပြီးသားဆို PC မှာ
ဘာတွေလုပ်ရမလည်း ဆက်ပြောပါ့မယ်နော် .... PC ပေါ်မှာ Install လုပ်ဖို့ အတွက်
http://viber.com/#windows မှာ exe ဖိုင်တခုကိုဒေါင်းရပါမယ် ပြီးရင် install လုပ်ရပါမယ့် install လုပ်တဲ့အခါ internet ကွန်နက်ရှင် ရှိရပါမယ် ခုနကဒေါင်းလိုက်တဲ့
exe ဖိုင်ကို run လိုက်တာနဲ့ Internet နဲ့ချိတ်ပြီး လိုတဲ့ ဖိုင်တွေကို
Install လုပ်သွားပါလိမ့်မယ်။ နည်းနည်းတော့အချိန်ပေးရမှာပေါ့ေ နာ်။
အဲ့ဒါပြီးသွားရင် တော့ ကွန်ပျူတာမှာ viber လေးရောက်သွားပါပြီ အဲ့viber
လေးကို run လိုက်ရင် Welcome to viber ဆိုပြီးပေါ်လာပါ့မယ် အဲ့မှာ Yes
ကိုရွေးပေးရပါ့မယ် ပြီးရင် ဖုန်းနံပါတ်တောင်းပါလိမ့်မယ် ဖုန်းနံပါတ်ကို
ကျွန်တော်တို့ နိုင်ငံက +95 ဖြစ်တဲ့ အတွက် +ကိုဖြုတ်ပြီး 95 ပြီးရင်
ကျွန်တော်တို့ နိုင်ငံ နံပါတ် 09420**** ဆိုပါတော့ဗျာ ဒါဆို 0 ကိုဖြုတ်
9420**** ပေါ့နော် ဒါဆို ကျွန်တော်တို့ ဖုန်းနံပတ်တောင်းရင် 959420****
ဆိုပြီး ထည့်ပေးလိုက်ရင် ချက်ချင်း ဖုန်းထဲကို code
4လုံးပို့ပေးလိုက်ပါ့မယ် အဲ့နဲ့ PC ကို activate လုပ်လိုက်ရင်
ရသွားပါလိမ့်မယ်။ အဆင်ပြေတယ် မပြေဘူး ပြန်ပြောပေးပါနော် .....
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment