မင်္ဂလာပါ မိတ်ဆွေ ကျွန်တော့်ရဲ့ ဘလော့လေးကို လာရောက်အားပေးတဲ့အတွက် အထူးဘဲ ကျေးဇူးတင်ရှိပါကြောင်း လိုအပ်သောနည်းပညာများအား လိုအပ်သလိုတောင်းဆိုနိုင်ပါတယ်.. ကြိုးစားရှာဖွေလို့ ပြန်လည် မျှဝေ ပေးနေပါမည်။ ဇေယျာ....

Monday, April 1, 2013

iPhone မှတစ်ဆင် TV ကို ထိန်းချုပ်နိုင်မည့် Software အသစ် မကြာမီ လာတော့မည်





ဗြိတိန်အခြေစိုက် မီဒီယာကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် sky ကုမ္ပဏီ သည် iPhone မှတစ်ဆင့် ရုပ်မြင်သံကြား စက်ကို အဝေးထိန်း ကိရိယာ သုံးစရာ မလိုဘဲ ထိန်းချုပ်နိုင်မည့် application Software သစ် တစ်မျိုးကို ထုတ်လုပ် ခဲ့သည်။


၎င်း Software ကိုအသုံးပြုခြင်း ဖြင့် Sky ကုမ္ပဏီထုတ် ပစ္စည်းများကို အသုံးပြုသူများ အနေဖြင့် မိမိ၏ iPhone ကို
ရွှေ့ပြောင်းရုံဖြင့် တီဗွီ Channels များကို လိုသလို ပြောင်းလဲနိုင် မည်ဖြစ်သလို တီဗွီကို ခေတ္တရပ်တန့် စေခြင်း၊ ပြန်ဖွင့်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့အပြင် မိမိတို့ကြိုက်နှစ် သက်သည့် တီဗွီအစီ အစဉ်များကိုလည်း မိမိတို့ကြည့်ရှုနေ သည့် အစီအစဉ်များအား ရပ်တန့်ရခြင်း၊ အနှောင့်အယှက် ဖြစ်ပေါ်ခြင်း မရှိစေဘဲ မှတ်တမ်းတင် ထားနိုင်သည်ဟု သိရသည်။

ပရိုဂရမ်အသုံးပြုနည်း လမ်းညွှန်ကို လာမည့် သီတင်းပတ်တွင် မြင်တွေ့ရ မည်ဖြစ်သည်။

ပထမဦးစွာ Sky ကုမ္ပဏီထုတ် ပစ္စည်းများကို သုံးစွဲသူများသည် ၎င်းတို့၏ Sky+HD box ကို iPhone ကဲ့သို့သော Wifi ကွန်ရက်ဖြင့် ချိတ်ဆက်ရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် အင်တာနက်မှ Software ကို Download ဆွဲချပြီးလျှင် Set-top-box မှ မိမိ တို့လိုချင်သည့် Channels ကို အလို အလျောက် ရှာဖွေသွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ၎င်း application Software ကို iPhone နှင့် iPod များတွင်သာ အသုံးပြုနိုင်သော်လည်း များမကြာမီ အချိန်အတွင်း Android စနစ် ထည့်သွင်းထားသော ဖုန်းများ တွင် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် အစောပိုင်းတွင် iPad အတွက် ၎င်း Software ကို စတင်မိတ် ဆက်ခဲ့ရာတွင် သုံးစွဲသူများ၏ လက်ခံသည့် တုံ့ပြန်ချက်များ ရရှိခဲ့ပြီးနောက် iPhone တွင်လည်း အသုံးပြုနိုင် စေရန် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် iPhone ကိုအဝေးထိန်း ကိရိယာ တစ်ခုကဲ့သို့ အသုံးပြုနိုင်စေရန် ပြုလုပ်မည့် စိတ်ကူးကို ရရှိသွား ခဲ့ခြင်းဖြစ်ကြောင်း Sky ကုမ္ပဏီမှ လုခ်ဘရက် ဒလေဂျုန်းစ်က ပြောကြား သည်။
မြ၀တီသတင်း

0 comments:

Post a Comment